"မေတ္တာတရားက အကျဉ်းစံရတဲ့ခေတ်"
ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှရှိခြင်း၊ ငြိမ်းချမ်းခြင်း စတဲ့ အနှစ်သာရ သဘောတရားတွေကို လူသားတွေ မြင်နိုင်၊ သိနိုင်၊ ကြားနိုင်၊ ခံစားနိုင်၊ စံစားနိုင်ကြစေဖို့ ကမ္ဘာမြေပေါ်သို့ သူမ စတင်ရောက်ရှိခဲ့တဲ့ (၇၉) နှစ်ပြည်တဲ့နေ့ဖြစ်ပါတယ်။
မေတ္တာတရားဆိုတာ အကျဉ်းစံရဖို့လား?က
ရုဏာတရားက အနိုင်ကျင့်ခံရဖို့လား?
မုဒိတာတရားက ၁၅ ပေအခန်းကျဉ်းလား?
ဥပေက္ခာတရားက အရာအားလုံးစွန့်ဖို့လား?
"တကယ်တော့ သူမကို အကျဉ်းချလိုက်တာဟာ မေတ္တာတရားကို အကျဉ်းချတာပါပဲ။"
သူမ မလွတ်မြောက်သေးသရွေ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှရှိခြင်း၊ ငြိမ်းချမ်းခြင်း တွေလဲ အကျဉ်းကျနေရဆဲပါ။
မပျော်ရပေမယ့် "Happy Birthday 🎂
အမေစု၊ အသက်ရာကျော်ရှည်ပါစေ"။
U AUNG -LGTI
(Photo Credit)

0 Comments:
Post a Comment