"ဒီအချိန် ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာသိချင်လား"
▪️အခုရက်ပိုင်း ကျွန်တော် Coaching တွေဆက်တိုက်ပေးဖြစ်နေပါတယ်။ ကျင့်ဝတ်အရ ဘယ်တော့မှ ကိုယ့်ရဲ့ Clients တွေကို ကျွန်တော်ချပြလေ့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ Coaching ယူတဲ့အပေါ်မှာတော့ Clients ဘက်က ဖော်ပြခွင့်ရှိပါတယ်။
ယခုနောက်ပိုင်း Coaching ယူသူ သိသိသာသာများလာတာဟာ အကြောင်းအရင်း ၂ ခု ဆုံလာတာလည်းပါဝင်ပါလိမ့်မယ်။ တစ်ခုက ပုံမှန်အခြေအနေမှာလို ကိုယ့်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိအောင်ဖော်ထုတ်ပြီး မှန်မှန်ကန်ကန်ရှေ့ဆက်ဖို့ဆိုတာကြောင့် Coaching ယူကြတာ ဒါက မူလအကြောင်းတစ်ချက်၊ နောက်တစ်ခုက အခုလို နိုင်ငံရေးအကျပ်အတည်းကြားမှာ ဖြစ်ပေါ်လာတဲ့ စီးပွားရေးစိန်ခေါ်မှုအခြေအနေကြောင့် ဘယ်လိုဖောက်ထွက်ကျော်လွှားနိုင်မလဲဆိုတဲ့ အကြောင်းတရား ဒီ၂ ခု လာဆုံတဲ့အခါ Coaching ယူသူများလာတာဖြစ်နိုင်ပါတယ်။
တစ်လအတွင်း Coaching session ကိုအကန့်အသတ်နဲ့ပြုလုပ်ပေးတာမို့ ရက်ချိန်းညှိနှိုင်းမှုတွေအပေါ် နားလည်လက်ခံခဲ့ကြတဲ့ Clients တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
▪️Coaching ရယူကြသူတွေထဲမှာ တချို့က ကျွန်တော့် သင်တန်းတစ်ခုခုကနေ တက်ရောက်ခဲ့ကြရင်း ဆုံတွေ့ဖူးခဲ့ကြတဲ့ သင်တန်းသားဟောင်းတွေပါသလို၊ တစ်ခါမှ မဆုံဖူးသူ လူသစ်တွေလည်း အများကြီးပါဝင်ပါတယ်။
ဘာကြောင့် ကျွန်တော်နဲ့ Coaching ယူဖို့ရွေးဖြစ်ကြလဲဆိုတဲ့မေးခွန်းကိုလည်း မေးကြည့်ဖြစ်ပါတယ်။ ကျွန်တော်နဲ့ Coaching ရယူမှုကတဆင့် သူတို့ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း မြင်မယ်ဆိုတာ ယုံကြည်မှုနဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ မေးခွန်းတွေက သူတို့ရဲ့ ပိတ်မိနေတဲ့ တံခါးချပ်တွေကို တွန်းဖွင့်နိုင်မယ်ဆိုတာ ယုံကြည်ချက်ကြောင့်လို့ ဆိုကြပါတယ်။
မှန်ပါတယ် မိတ်ဆွေတို့ အင်မတန်ကံကောင်းကြပါတယ်။ အခုလို မိတ်ဆွေတို့ ရက်ပိုင်းနဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ကျွန်တော် နှစ်ပေါင်း ၃၀ ရင်းနှီးခဲ့ရတာပါ။
အမှန်တကယ်တော့ Coaching Fees က ငွေကြေးအရပြောရင် ဈေးအင်မတန်ကြီးမြင့်တဲ့ သဘောရှိပါတယ်။ ဘာကြောင့်ဈေးကြီးရလဲဆိုရင် Coaching မေးခွန်းတွေက စာထဲကသာလာတာမဟုတ်ပဲ အရင်းအနှီးများလှတဲ့အတွေ့အကြုံက လာတာမို့ ငွေကြေးနဲ့တင် ဈေးဖြတ်တိုင်းတာနိုင်တဲ့ ပညာရပ်မျိုးမဟုတ်ပါဘူး။
ယခုကာလမှာ ကျွန်တော်သတ်မှတ်ထားတဲ့ Coaching Fees ဟာ ဒီလိုကာလမှာ အခက်အခဲများစွာကြားက ရုန်းကန်နေကြတဲ့ ဘဝတွေအပေါ် ကိုယ်တတ်မြောက်တဲ့ အတတ်ပညာတစ်ခုနဲ့ ပြန်လည်ကျေးဇူးပြုတဲ့အနေနဲ့ တကယ့်ကို အထူးအသက်သာဆုံးသတ်မှတ်ပေးထားတာပါ။
(နောက်ပိုင်း ဈေးပိုကြီးတော့မှာမို့ ယခု အမြန် Join ကြပါလို့ပြောလိုတာပါ😁)
"တကယ်ရလဒ်ထွက်လား"
▪️တချို့ကမေးတယ် Coaching ယူရတာ တကယ်ရလဒ်ထွက်ပါ့မလားဆိုတဲ့မေးခွန်းကိုဖြေရရင် ရလဒ်က သေချာပေါက်ထွက်ပါတယ်။ ရလဒ်ထွက်ပုံ မတူညီကြတာမျိုးရှိနိုင်ပါမယ်။
COACH တစ်ယောက်ဟာ အချိန်တိုအတွင်း Clients သူ့မှာရှိပြီးသား အရည်အသွေးအပေါ် အခြေခံပြီး သူ့ရဲ့ Vision, Mission , Goalကို မှန်မှန်ကန်ကန် သဲသဲကွဲကွဲမြင်သွားအောင် တိုက်ရိုက်မေးခွန်းပေါင်းများစွာ၊ သွယ်ဝိုက်တဲ့ ဥပမေယျပေါင်းများစွာကို အသုံးပြုပြီး Coaching ပြုလုပ်ပေးရပါတယ်။
ဒီနေရာမှာ COACH တစ်ယောက်ဟာ နယ်ပယ်အစုံကို ကျွမ်းကျင်နေတာမျိုးဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် မရှိမဖြစ်ကျွမ်းကျင်ဖို့ လိုအပ်တာက တက်ကြွသော နားထောင်မှု၊ ထိရောက်သော ပြောဆိုဆက်ဆံရေး၊ ပြဿနာဖြေရှင်းနိုင်မှု၊ ကိုယ်ချင်းစာမှု၊ ခေါင်းဆောင်မှုစွမ်းရည်၊ လိုက်လျောညီထွေရှိမှု၊ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ပေးနိုင်စွမ်းနဲ့ အရေးအကြီးဆုံးက ထိရောက်တဲ့ မေးခွန်း၊ တန်ပြန်မေးခွန်းမေးမြန်းတတ်ခြင်း စတာတွေ မရှိမဖြစ်လိုအပ်ပါမယ်။
▪️ဒါ့အပြင် COACH တစ်ယောက်က Clients ရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက် နဲ့ ယုံကြည်မှုကို ကျင့်ဝတ်ရှိရှိထိန်းသိမ်းတတ်ဖို့လိုသလို Clients ရဲ့ Vision , Mission , Goals စတာတွေအပြင် စိတ်ပိုင်းဆိုင်ရာ အခြေခံခိုင်မာဖို့ ဥပမာ ရိုးသားမှု၊ ကိုယ်ချင်းစာတရား၊ တာဝန်ယူ တာဝန်ခံမှု၊ ကျင့်ဝတ် စတာတွေကိုပါမွေးမြူတတ်ဖို့ အုတ်မြစ်ချထားပေးခဲ့ရပါမယ်။
ဒီလို အတွေ့အကြုံတွေပြည့်စုံတဲ့ COACH တစ်ယောက်ထံက Coaching ရယူရင်သေချာပေါက် ရလဒ်ထွက်ပါတယ်။ ရလဒ်မတူတာက Coach နဲ့ Clients တို့ရဲ့ ပူးပေါင်းပါဝင်မှုအတိုင်းအတာ အားကောင်းမှုအပေါ် မူတည်ပြီး ရလဒ်ကွာခြားနိုင်ပါတယ်။
(U AUNG -LGTI နဲ့ Coaching ရယူလိုပါက အမြန် Joinပါ)
One By One Coaching အစီအစဉ်အသေးစိတ်သိရှိရန်👇
📌https://www.facebook.com/share/p/2N6UhD12t17BMn8n/?mibextid=oFDknk
Viber - (+95) 9785229414
Telegram - https://t.me/LGTI33
TikTot - @uaung583
U AUNG
Founder of LGTI

0 Comments:
Post a Comment