▪️အချိန်မဖြုန်းနဲ့
လောကကြီးက လူသားအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို အသုံးချဖို့ ပေးထားပြီးသားပါ။ ဒီနေရာမှာ လူသားတစ်ဦးချင်းတစ်ယောက်ချင်းရဲ့ အချိန်ကိုသုံးချပုံခြင်းမတူကြပါဘူး။ အကျိုးရှိရှိအသုံးချသူတွေအဖို့ အကျိုးရလဒ်ကောင်းတွေရရှိကြသလို၊ အချိန်ကို အကျိုးမဲ့ဖြုန်းတီးသူတွေအဖို့တော့ အစားထိုးလို့မရတဲ့ အချိန်တွေသာ ဆုံးရှုံးသွားခဲ့ရပါတယ်။
လူတချို့ ဒီနေရာမှာ ပိုပြီးဆိုးတာက ကိုယ့်အကြောင်းမှာတင် အချိန်ဖြုန်းတာမျိုးမဟုတ်ဘဲ သူတစ်ပါးအကြောင်းတွေနဲ့ အချိန်ဖြုန်းတီးမှုပါပဲ။
"မညှာတမ်းပြောရရင် အချိန်ဖြုန်းတာဟာ ကိုယ့်ဘဝကို အဆုံးစီရင်နေသလိုပါပဲ"။
ဒါကြောင့် ဘယ်အကြောင်းနဲ့မှ အစားထိုးလို့မရတဲ့ အချိန်တွေကို အကျိုးမဲ့ မဖြုန်းတီးမိပါစေနဲ့။
U AUNG -LGTI

0 Comments:
Post a Comment