"ဓမ္မကာယ ကျောင်းတော်ကြီး အမှတ်တရ"
၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ ရောက်ခဲ့တုန်းက အခုပုံမှာပါတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁ သန်း နဲ့ ပုံဖော်တည်ထားတဲ့ ဘုရားကြီးကို ဖူးမြော်ခဲ့ဖူးပါတယ်။ မဟာချိုင်ကို ဆရာသမားတစ်ချို့နဲ့ ဟောပြောပွဲတစ်ခုအတွက်လာရောက်ရင်း မဟာချိုင်က မိတ်ဆွေတွေလိုက်ပါပို့ဆောင်ပေးမှုကြောင့် ရောက်ဖြစ်ခဲ့တာပါ။
သီတင်းကျွတ်လပြည့်လို နေ့ထူးနေမြတ်ဘုရားပွဲတော်တွေကျင်းပတဲ့အခါ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင် သိန်းချီလာရောက်ဖူးမြော်ကြတယ်လို့ သိရပါတယ်။ လာရောက်ကြသူ လူဦးရေသိန်းချီကပါလာတဲ့ မော်တော်ကားတွေရပ်နားဖို့တည်ဆောက်ထားတဲ့ ကားပါကင်ကြီးကလည်း ဘုရားကြီးပတ်ပတ်လည် မိုင်နဲ့ချီရှည်လျားတာ တွေ့ခဲ့ရပါတယ်။
ဒါအပြင် ရဟန်းသံဃာများ ဆွမ်းကိစ္စ အပါအဝင် လူပုဂ္ဂိုလ်များစွာတို့အတွက် အစားအသောက်ချက်ပြုတ်ဖို့ စားဖိုဆောင်ကြီးကလည်း အင်မတန်ကြီးမားပြီး သန့်ရှင်းသပ်ရပ်နေတာ တွေ့ခဲ့ရပါတယ်။ ထူးခြားတာက အဲဒီလောက်ကျယ်ဝန်းတဲ့ သာသနာ့မြေ၊ များစွာသော လူဦးရေရှိပေမယ့် တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်စွာမြင်တွေ့ရတာပါ။
နောက်ထပ်ထူးခြားတာက သံဃာတော်တွေဆွမ်းစားဆောင်တစ်ခုစီကို ဆွမ်းဟင်းတွေပို့တဲ့အခါ စားဖိုဆောင်ကနေပြီးတော့ Chain Roller တွေနဲ့တင်ပြီး ပို့ဆောင်တဲ့ပုံစံတွေ့ရပါတယ်။ ချက်ပြုတ်တဲ့စားဖိုဆောင်ထဲကိုဝင်ကြည့်တဲ့အခါ ကြမ်းပြင်ကအစ သန့်ရှင်းသပ်ရပ်ပြီးတော့ အိုးခွက်ပန်းကန် စတာတွေဟာလည်း အလွန်သန့်ရှင်းသပ်ရပ်တာတွေ့ရပါတယ်။
ဓာတ်ပုံလေးပြန်တွေ့လို့ အမှတ်တရ တင်ပေးလိုက်တာပါ။ မိတ်ဆွေတို့ ထိုင်းကိုရောက်ရင်သွားရောက်ဖူးမြော်နိုင်ဖို့ မျှဝေပေးလိုက်တာပါ။
(၂၀၁၄ တုန်းက ပို့ဆောင်ပေးသူတွေကို သတိတရ ကျေးဇူးတင်ပါတယ်)
U AUNG -LGTI
Photo Credit
#UAung
#lifeguidetraininginstitute
#ထိုင်းနိုင်ငံရောက်အမှတ်တရ

0 Comments:
Post a Comment