"Facebook Performance ကောင်းဖို့ နည်းလမ်းများ"
▪️လူအများစုကတော့ Facebook ကနေ ဝင်ငွေတွေရနေတာတွေ့ကြတော့ ကိုယ့်ရဲ့သုံးစွဲနေတဲ့ FB အကောင့်တွေကိုလည်း ဝင်ငွေရဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒါပေမယ့် ဒီလိုဝင်ငွေရဖို့အလွယ်ကူတော့မဖြစ်နိုင်ပါဘူး။ အဓိကအားဖြင့် မိတ်ဆွေရဲ့ဖေ့ဘွတ်အကောင့်ဟာ Performance ကောင်းနေဖို့လိုပါတယ်။ ဒါမှသာဖေ့ဘုတ်က ဝင်ငွေရနိုင်မှာပါ။
တကယ်တော့ ကိုယ့်ရဲ့ FB အကောင့်ဟာ Performance ကောင်းနေမယ်ဆိုရင် FBကပေးတဲ့ Bonus အပိုငွေမရရင်တောင် ကိုယ့်ရဲ့အကောင့်ကို လူသိများလာတဲ့အခါ အွန်လိုင်းစီးပွားရေးလုပ်ကိုင်နိုင်တာမျိုး၊ကြော်ငြာတွေလက်ခံထည့်သွင်းတာမျိုး စတာတွေလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Facebook မှာ Performance ကောင်းဖို့ဆိုရင် အခုပြောမယ့်အရာတွေ လိုက်ပါလုပ်ဆောင်ဖို့လိုပါတယ်။
1/Content(အကြောင်းအရာ)
Facebook မှာ ကိုယ်တင်မယ့်အကြောင်းအရာတွေဟာ အများစိတ်ဝင်စားတဲ့အကြောင်းအရာတွေ ဖြစ်ဖို့အထူးလိုအပ်ပါတယ်။ ကိုယ့်ရဲ့ content တွေဟာ အများစိတ်ဝင်စားစရာမဖြစ်ဘူးဆိုရင်တော့ ကြည့်ရှုသူတွေက Like, Comment, Share ပေးတာမျိုးမရှိတဲ့အတွက် Post ရဲ့ပျံ့နှံ့မှုနည်းမှာဖြစ်ပါတယ်။
ဘယ်လို Content မျိုးတွေဖန်တီးရမလဲဆိုရင် လက်ရှိအခြေအနေမှာ လူစိတ်ဝင်စားမှုဖြစ်နေတာမျိုး၊ စီးပွားရေးသဘောအရ Customer Need & Want လို့ခေါ်တဲ့ ပရိသတ် ဘာလိုအပ်တာလည်း ဘာလိုချင်တာလည်း စတဲ့ content တွေအပြင် ၊ ပရိတ်သတ်အများ အကျိုးရှိစေမယ့်ဗဟုသုတအကြောင်းအရာများ၊ ပရိတ်သတ်ကို ပျော်ရွှင်စေမယ့် Entertainment ပုံစံများ စတာတွေကို ရွေးချယ်ပြုလုပ်နိုင်ဖို့လိုပါတယ်။
နောက်ထပ်အထူးသတိထားရမှာကတော့ Content တွေကိုဖန်တီးတဲ့အခါမှာ ကိုယ်ပိုင် Content တွေကိုပိုပြီးတော့ facebook ကနှစ်သက်ပါတယ်။ သူတစ်ပါးရဲ့ content တွေကိုပြန်လည်မျှဝေတဲ့အခါမှာလည်း Copyright မငြိအောင်ဂရုစိုက်ဖို့လိုပါတယ်။ တခြားပို့စ်တွေကို Share တိုင်း Copyright ငြိတယ်လို့ ဆိုတာမျိုးတော့မဟုတ်ပါဘူး။ တစ်ဖက်ကလည်း Copyright တင်ထားတာမျိုး၊ မူးရင်းပို့စ်မှာကို Copyright ဖြစ်စေတာပါလာခဲ့ရင်တော့မိမိပါ facebook Policies ငြိတာမျိုးဖြစ်နိုင်ပါတယ်။
2/ Quality(အရည်အသွေး)
facebook မှာဓာတ်ပုံတွေ ဗီဒီယိုတွေတင်တဲ့အခါ အရည်အသွေး ဂရုစိုက်ဖို့လိုပါတယ်။ ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ၊ ဗီဒီယိုများကို ပိုပြီးတော့ကြည့်ရှုသူတွေထံ AI ကပေးပို့သွားမှာဖြစ်ပါတယ်။
3/ Time (Post တင်တဲ့အချိန်)
facebook မှာ post တွေတင်တဲ့အခါ အချိန်တိတိကျကျနဲ့ မှန်မှန်တင်တာမျိုးပိုပြီးတော့ AI ကသဘောကျပါတယ်။ ဥပမာဆိုပါတော့ ကိုယ့်ရဲ့ Post မှာ စာတစ်ပုဒ်ကိုဘယ်ချိန်တင်မယ်၊ ဗီဒီယိုတွေကိုဘယ်ချိန်တင်မယ် ဒါမျိုးကိုပုံမှန်တင်သွားပြီဆိုရင် AI က သူ့ရဲ့ Schedule ထဲသတိထားမိသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်ဒီ Post တွေကိုလူများများဆီကိုပျံ့နှံအောင် AI ကတဆင့်ကူညီပေးသွားပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်စိတ်ကူးပေါက်တဲ့အချိန် တင်နေတာမျိုးဆိုရင်တော့ အဲဒီအချိန်မှာဝင်ကြည့်တဲ့လူလောက်ပဲ ကိုယ့်ရဲ့ post ကိုမြင်ရမှာဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတာကကိုယ်တိုင်ကလည်း ကိုယ်တင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဘယ်အချိန်မှာဘယ်လိုအကြောင်းအရာကို လူကြည့်များလည်းဆိုတာမျိုး လေ့လာဖို့လိုပါတယ်။။
4/Facebook Policies
Performent ကောင်းဖို့ဆိုတဲ့နေရာမှာ facebook policy နဲ့လည်းအဓိကသက်ဆိုင်ပါတယ်။ အရင်တစ်ပတ်က facebook Policies နဲ့ပတ်သက်ပြီးတော့ မျှဝေခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချက်တွေကိုလိုက်နာပြီးတော့ facebook policies မငြိအောင်ဂရုတစိုက်ပြုလုပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ page က Performance ပိုင်းတွေပိုကောင်းလာမှာဖြစ်ပါတယ်။။
5/ အခြားနည်းလမ်းများ
တစ်နေ့ကို Post တွေအများကြီးတင်တာမျိုးထက် Post ၃ ခုလောက်အထိပဲ တင်တာမျိုးအကြံပြုချင်ပါတယ်။ Story, Reels စတာတွေက လူများများဆီကို အမြန်ရောက်ဖို့အားသာချက်ရှိတဲ့အတွက် Story, Reel တွေကို နေ့စဉ် တစ်ကြိမ်လောက် ပုံမှန်တင်တာမျိုး AI ကြိုက်တာတွေ့ရပါတယ်။
ကိုယ့်ရဲ့ Post တွေအောက်မှာ လူသုံးများတဲ့ Hashtags လေးတွေထည့်ပြီးတင်တာမျိုး ၊ တစ်ခါတစ်ရံမှာ လူသိများအောင်လည်း လက်ဆောင်ပေးတဲ့ Give Ways ပျော်စရာလေးတွေဖန်တီးပေးတာမျိုး၊ မေးခွန်းလေးတွေကိုမေးမြန်းရင်လည်း comments ရအောင်ပြုလုပ်ထားမျိုး ၊ Live လွှင့်နိုင်ရင် ပြုလုပ်ပေးတာမျိုး၊ Comment တွေမှာလည်းဂရုတစိုက် စာပြန်ပေးတာမျိုး စတာတွေနဲ့ Facebook Performance, reached ကောင်းအောင်ပြုလုပ်နိုင်ပါတယ်။
ဒီစာကိုဖတ်ရင်း မိတ်ဆွေများအတွက် အကျိုးရှိတယ်ဆို "YES" လို့မန့်ခဲ့ကြပါဦး။
နောက်တပတ်မှာ Online ကနေ သိန်းပေါင်းများစွာဝင်နိုင်တဲ့ စီးပွားရေးပုံစံတွေအကြောင်း မျှဝေပေးပါ့မယ်။
U AUNG -LGTI

0 Comments:
Post a Comment