"သိန်းထောင်ချီ ဝင်နိုင်မယ့်နည်းလမ်းများ"
▪️အခုရက်ပိုင်း Digital Income နဲ့ပတ်သက်ပြီး မျှဝေပေးနေရတဲ့အဓိကရည်ရွယ်ချက်ကတော့ အများစုဟာ Digital platform ကိုအသုံးပြုနေကြပေမယ့်အသုံးချခံသက်သက် ဖြစ်ခဲ့ကြတာများပါတယ်။ ဒီအခြေနေကိုကျော်လွှားပြီး Digital platform တွေကို ပြန်လည်အသုံးချဖို့နဲ့ ဝင်ငွေ အမှန်တကယ်ရရှိတယ်ဆိုတာ သိရှိစေဖို့ ကျန်တဲ့သူတွေကိုလက်ဆင့်ကမ်းမျှဝေပေးဖို့ လိုအပ်လာတဲ့အချိန်တစ်ခုဖြစ်လာလို့ပါ။ အခုလိုမျှဝေမှုကနေ စိတ်ခွန်အားတစ်ခုရရှိပြီးတော့ ယခင်လို Digital ပလက်ဖောင်းတွေရဲ့အသုံးချခံဘဝကနေပြီးတော့ ပြန်လည်အသုံးပြုပြီး ဝင်ငွေဖန်တီးနိုင်တဲ့စိတ်ကူး အိုင်ဒီယာတွေ၊ လုပ်ဆောင်လိုစိတ်တွေ ပေါ်ပေါက်လာအောင် တိုက်တွန်းရေးသားနေရခြင်းဖြစ်ပါတယ်။
Digital Income ဟာ နည်းပညာအခြေပြုတာဖြစ်ပြီး "သိသူဖော်စား မသိသူကျော်သွား" ဆိုသလို တကယ်ကို အံ့ဩစရာကောင်းလောက်အောင် ဝင်ငွေခန့်မှန်းရခက်ပါတယ်။ စက္ကန့်နဲ့အမျှ ငွေဝင်စေတဲ့ Passive Income မျိုးဆိုတော့ လူတိုင်းမက်မောကြပါလိမ့်မယ်။ ကိုယ်တိုင် Online Platforms တစ်ခုဖြစ်တဲ့ Facebook ဝင်ငွေတစ်ခုကနေပဲ ပထမဆုံး သိန်းဆယ်ချီလက်တွေ့ရလိုက်တဲ့အချိန်မှာ အားလုံးကိုလည်း အမှန်တကယ်ရစေချင်တဲ့ စိတ်ကူးမျိုးဖြစ်မိတာ စိတ်ရင်းပါ။ FB Video တွေနဲ့ YouTube ကနေဝင်တဲ့ ဝင်ငွေမျိုးကတော့ ရည်ရှည်အတွက် အင်မတန်ကောင်းတဲ့ Passive Income တစ်ခုပါ။
သိန်းထောင်ချီ Passive Income ဖြစ်ဖို့ဆိုတာ Digital platform တစ်ခုမှာ တကယ်နည်းလမ်းသိရင် အင်မတန်လွယ်ကူသလို၊ အားမစိုက်ဘဲ မလေ့လာဘဲ မကြိုးစားဘဲ အလွယ်တကူရတဲ့ အခွင့်အလမ်းမျိုးလည်းမဟုတ်ပါဘူး။
*အဓိကသတိချပ်ရမှာက Digital platform ကိုအသုံးပြုပြီး မက်လုံးနဲ့စည်းရုံးတဲ့ လိမ်လည်မှုတွေမခံရဖို့ အထူးဂရုစိုက်ပါ*
▪️ကမ္ဘာမှာ ချမ်းသာကြွယ်ဝသူအများစုကလည်း Digital platform တွေရဲ့ ပဲ့ကိုင်ရှင်တွေများကြပါတယ်။ Digital platform လို့ဆိုတဲ့အခါ သိစေချင်တာက နည်းပညာ IT ပိုင်းဆိုင်ရာ Software, Hardware အားလုံးအကျုံးဝင်ပါတယ်။ ယနေ့ခေတ်မှာ လူအများစု အသုံးပြုမှုတွေဖြစ်တဲ့ Application မျိုး, Programmings တွေကို Software IT ပညာရှင်တွေက တီထွင်ပြီးပြုလုပ်ကြသလို သူတို့ရဲ့ Income ဟာ စက္ကန့်နဲ့မျှငွေဝင်နေတာမျိုးပါ။
တကမ္ဘာလုံးမဆိုထားနဲ့ လူဦးရေ သန်း ၅၀ ကျော်လောက်သာရှိနေတဲ့ မြန်မာနိုင်ငံမှာကိုပဲ Digital platform တွေဖြစ်တဲ့ Telecom ကုပ္မဏီကြီးတွေ၊ Package, Software, Hardware အမျိုးမျိုးကို ရောင်းချနေတဲ့ Digital Service ကုပ္မဏီကြီးတွေရဲ့ စက္ကန့်နဲ့အမျှ ဝင်ငွေကို လေ့လာကြည့်တဲ့အခါ အံ့ဩစရာကောင်းလှပါတယ်။ မိတ်ဆွေတို့ နေ့စဉ် အသုံးပြုနေတဲ့ Social Application တွေဖြစ်တဲ့ Facebook ,YouTube, TikTok, Telegram, Signal, Instagram, Twitter, Website ဒါတွေအပြင် Mobile Data, အခြား Data စတာတွေကိုဝယ်ယူနေရတဲ့ Application ပေါင်းများစွာ၊ Play store လိုအထဲကနေ နေ့စဉ် လိုအပ်တာ အလွယ်တကူ Downloadလုပ်ရယူနိုင်ဖို့ ဖန်တီးထားတဲ့ Application ပေါင်းများစွာ ၊ နေ့စဉ် ငွေလွှဲလုပ်ဆောင်နေတဲ့ Mobile Banking လိုမျိုး Application တွေကအစ လူတွေကို လွှမ်းမိုးလာနေပါပြီ။
▪️ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်တွေဟာ အကန့်အသတ်အခြေအနေတစ်ခုကြောင့် မလုပ်သာမကိုင်သာဖြစ်နေကြတဲ့ကြားကတောင်မှ ရအောင်ဖောက်ထွက်ပြီး Digital platform ပေါ်မှာ ရပ်တည်နေနိုင်ကြတာ ဂုဏ်ယူစရာတွေ့ရပါတယ်။
Online သုံးစွဲရင် ဝင်ငွေလည်းပြန်ရနိုင်မယ့် Platform တွေအကြောင်း သိချင်ကြသူတွေများပြားတဲ့အတွက် ကိုယ်တိုင် နည်းပညာအကျွမ်းကျင်ကြီး မဟုတ်ပေမယ့် လေ့လာမိသလောက် မျှဝေပေးထားပါတယ်။ အခုနောက်ပိုင်းမှာ Facebook ,YouTube, TikTok, Website အစရှိတဲ့ Platform တွေမှာပဲ ငွေဝင်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေမဟုတ်တော့ပဲ Telegram, Twitter စတာတွေကနေလည်း ငွေဝင်လမ်းကြောင်းတွေဖွင့်ပေးနေပါပြီ။ ဒါ့အပြင် ယနေ့အများစုလုပ်လာကြတဲ့ Affiliate marketing လိုမျိုးနဲ့ ဝင်ငွေသိန်းပေါင်းများစွာ ရရှိနေသူတွေလည်း ကမ္ဘာမှာအများကြီးရှိနေကြတာ တွေ့ရပါတယ်။
လတ်တလော မြန်မာပြည်သူ လူဦးရေ သန်း ၂၀ အထိအသုံးပြုနေတဲ့ FB Monetisation ကနေ ငွေဝင်နိုင်မယ့် နည်းလမ်းများအကြောင်း မျှဝေထားတာတွေကို ပြန်လည်စုစည်းပေးလိုက်ပါတယ်။
ဒီလို Platform တွေကနေ ငွေဝင်နိုင်မယ့် နည်းလမ်းများကို Video နဲ့ အသေးစိတ်ရှင်းပြနိုင်ဖို့လည်း ကြိုးစားလုပ်ဆောင်ပေးသွားပါမယ်ခင်ဗျာ။ လက်ရှိ မျှဝေပေးထားကြတဲ့ Video တွေများစွာလည်း Google, YouTube မှာ များစွာရှိပြီးဖြစ်ပါတယ်။ ကိုယ်တိုင် လိုအပ်သလို ရှာဖွေလေ့လာခြင်းမျိုး အားစိုက်လုပ်ဆောင်ဖို့လိုပါမယ်။
ယခု အောက်မှာပေးထားတဲ့ ခေါင်းစဉ်တစ်ခုချင်းကို ဖတ်ရှူလေ့လာပြီး မိမိတို့အသုံးပြုနေတဲ့ Facebook ကနေ ဝင်ငွေပြန်လည်ရရှိနိုင်မယ့်အခွင့်အလမ်းတွေကို များစွာအထောက်အကူပြုနိုင်ပါလိမ့်မယ်။
၁/"FB ဝင်ငွေရဖို့ နည်းလမ်းကောင်းများ"
https://www.facebook.com/share/p/rbFFbt3hY9Stz6yp/?mibextid=oFDknk
၂/"Monetisation နဲ့ FB Policy အကြောင်း"
https://www.facebook.com/share/p/bUzJoKs9pMqGUbfx/?mibextid=oFDknk
၃/ "Facebook Performance ကောင်းဖို့ နည်းလမ်းများ"
https://www.facebook.com/share/p/EVzLShzjdgUHWtxx/?mibextid=oFDknk
မိတ်ဆွေတို့ဖတ်ရှုပြီးတော့ အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင်တော့ YES လို့မန့်ခဲ့ကြပြီး အခြားသူတွေလာနိုင်ဖို့ထပ်ဆင့်မျှဝေပေးသွားပါ။
U AUNG -LGTI

0 Comments:
Post a Comment