"FB ဝင်ငွေရဖို့ နည်းလမ်းကောင်းများ"
FB သုံးစွဲရင်း ဝင်ငွေလည်းပြန်ရနိုင်မယ့် Monetisation အကြောင်းမျှဝေပေးလိုက်ပါတယ်။ Monetisation ဆိုတာ Online Platforms တွေအသုံးပြုရင်း ဝင်ငွေပြန်ရနိုင်ဖို့ ထည့်သွင်းထားတဲ့ အရာတစ်ခုပါ။ FB မှ မဟုတ်ပါဘူး YouTube, TikTok, Website အစရှိတဲ့ Platform တွေမှာလည်း Monetisation ဆိုတာ ရှိပါတယ်။
ကျွန်တော်လည်း အခုရက်ပိုင်း FB ကဝင်ငွေရတဲ့ အကြောင်းတွေပြောပေးနေတော့ နည်းပညာ ကျွမ်းကျင်လွန်းလို့မဟုတ်ပေမယ့် နားလည်သလောက်လေး အတွေ့အကြုံအရ ပြန်မျှဝေပေးတာမျိုးပါ။ အဓိက အခုလိုပြောနေရတဲ့ရည်ရွယ်ချက်က ကျွန်တော်အပါအဝင် လူအများစုဟာ Online ပေါ်မှာ အချိန်အများဆုံးကုန်နေကြသလို online သားကောင်တွေ ဖြစ်မှန်းမသိဖြစ်နေကြပါတယ်။ ကျွန်တော်တို့ဟာ Online ရဲ့ အသုံးချတာခံလာရတဲ့အချိန်တွေကများခဲ့တဲ့အခါ ဒီလို online ကို ပြန်အသုံးချရင်း အားလုံးကိုဝင်ငွေရစေချင်တဲ့ စိတ်ကြောင့်ပြောပေးရတာပါ။
FB Monetisation မှာ ဝင်ငွေရလမ်း ၅ ခုရှိပါတယ်။ FB Account မှာဆိုရင် Subscribe, Star, Bonus, Reel, In-stream ads ဆိုပြီး ၅ ခုရှိပါတယ်။ FB page မှာဆိုရင်တော့ Subscribe, Star, Bonus, Reel, In-stream ads, Live ads ဆိုပြီး ၆ ခုရှိပါတယ်။
Star/Subscribe အကြောင်း
ဒီအထဲမှာ အများဆုံးစတင်ရကြတာ Star နဲ့ Subscribe ပဲ ဖြစ်ပါတယ်။ Star နဲ့ Subscribe က FB ကပေးတဲ့ ငွေမဟုတ်ဘဲ မိမိကို အားပေးတဲ့ လူပုဂ္ဂိုလ်တစ်ဦးဦးက Payout နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်ထဲကို Star/Subscribe ပေးရင်း ဒေါ်လာပေးတဲ့သဘောပါ။ ဒါကြောင့် ပေးသူကလည်း FB policy နဲ့ညီညွတ်တဲ့ ဘဏ်အကောင့် Payment ရှိရမှာဖြစ်သလို လက်ခံမယ့် မိမိတို့ဘက်ကလည်း Payout Setting ကို အတည်ပြုလုပ်ကိုင်ထားရတာမျိုးပါ။
Bonus အကြောင်း
FB မှာ Follower နည်းပေးမယ့် Account သို့မဟုတ် Page က Performance ကောင်းရင် Bonus ရနိုင်ပါတယ်။ Bonus ဆိုတာ ဇူဇူတို့ဘက်က တိုက်ရိုက်ပေးတာဖြစ်တဲ့အတွက် ဘယ်လောက်အတိုင်းအတာအထိ အချိန်အကြာကြီးပေးနေမယ်ဆိုတာ မသိနိုင်ပါဘူး။ Bonus ရဖို့ Monetisation ထဲဝင်ပြီး ကိုယ်ဘက် "I am Interested" ဆိုတာလေးကို ဝင်နှိပ်ပြီး Summited အရင်လုပ်ထားရပါမယ်။
ကိုယ့် page က Performance ကောင်းမယ်ဆိုရင် facebook ဘက်က မိမိအကောင့်ကို Bonus အတွက် Invite လုပ်ပါလိမ့်မယ်။ ဖေ့ဘုတ်ကပို့တဲ့ invitation ကို Set-up လက်ခံပြီးပြီဆိုရင်တော့ ဝင်ငွေစတင်ရရှိလာတော့မှာဖြစ်ပါတယ်။
ကိုယ်တင်တဲ့ Post တိုင်းဟာ Bonus ရနိုင်ပေမယ့် စာကြီးသက်သက်ရေးထားတဲ့ Status တွေကိုတော့ ဝင်ငွေပေးတာမတွေ့ရပါဘူး။ အနည်းဆုံးတင်တဲ့ Post တိုင်းမှာဓာတ်ပုံ သို့မဟုတ် ဗီဒီယိုပါရပါမယ်။ Bonus ငွေများများ ရဖို့က မိမိတင်တဲ့ post တွေမှာ Reached, Comment, Share များများရခြင်းနဲ့ ဆိုင်ပါမယ်။
In-stream ads အကြောင်း
Monetisation ထဲမှာပါဝင်တဲ့ In-stream ads ဆိုတာ ကိုယ်တင်တဲ့ Video တွေမှာ ကြော်ငြာဝင်ပေးပြီး ဝင်ငွေရစေတဲ့အခြေအနေပါ။ In-stream ads ပွင့်ပြီဆိုရင် FB ဝင်ငွေရည်ရှည်အတွက် Bonus ထက်ပိုပြီးကောင်းမွန်တယ်လို့ ပြောရပါမယ်။
အထက်မှာ ပြောခဲ့သလို Bonus က FB ဘက်ကတိုက်ရိုက်ပေးတာဖြစ်ပြီး In-stream ads က ကြော်ငြာဝင်ငွေကရတာမို့ သက်ဆိုင်ရာ ကြော်ငြာကုပ္မဏီတွေရဲ့ ပေးတဲ့ငွေကို FB က ခွဲပေးတာမို့ FB ဟာ သူစိုက်ထုတ်ပေးရတဲ့ Bonus မျိုးမဟုတ်တဲ့အတွက် ရည်ရှည်ပေးနိုင်မယ်လို့ ဒီလိုနားလည်ရပါတယ်။
In-stream ads ပွင့်ဖို့ အဆင့် ၅ ဆင့်ရှိပါတယ်။
၁- FB အသိအမှတ်ပြုတဲ့နိုင်ငံ
၂- FB Policy မငြိရဘူး
၃- FB Followers 5000 ပြည့်ရန်
၄- ရက် ၆၀ အတွင်း Video ကြည့်ရှုသူ ၆၀၀၀၀ ပြည့်ရန်
၅- ရက် ၃၀ အတွင်း Video အနည်းဆုံး ၅ ပုဒ်ရှိရမယ်။
ဒီအဆင့်တွေထဲမှာ အများစုက အဆင့် ၃ နဲ့ ၅ ကို ပြည့်မှီကြပေမယ့် ကျန်တဲ့အဆင့်တွေ လိုအပ်တာများပါတယ်။
ဆိုလိုတာက ဒါတွေ ပြည်မှီဖို့ Copyright တွေ Community Standard တွေသတိထားပြီး Content ကောင်းပြီး အရည်အသွေးရှိတဲ့ Video တွေဖန်တီးတင်ပေးဖို့လိုပါတယ်။ တကယ်တော့ Video တစ်ပုဒ်ပေါက်ရင် Viewers 60000 ဟာ တစ်ပုဒ်တည်းနဲ့တင်ပြည့်နိုင်ပါတယ်။
(နောက်တပတ်မှာ FB Policy တွေက ဘာတွေလဲ၊ Bonus ရနိုင်ဖို့ Account Performance ကောင်ဖို့ ဘာတွေလိုမယ်ဆိုတာ အသေးစိတ်ဆက်လက်မျှဝေပေးပါ့မယ်)
မိတ်ဆွေတို့အတွက် အကျိုးဖြစ်စေရင် "YES" လို့ မန့်ခဲ့ကြပါ၊ ထပ်ဆင့်လည်း မျှဝေပေးကြပါခင်ဗျာ။
U AUNG -LGTI

0 Comments:
Post a Comment