"ဘဝနေနည်း"
အရင်တပတ်က "အောင်မြင်အောင်လည်းကြိုးစား၊ ပျော်ရွှင်အောင်လည်းကြိုးစား" လို့ပြောခဲ့သလိုပါပဲ လူအများစုက အောင်မြင်အောင်ကြိုးစားကြပေမယ့် တဘက်မှာမပျော်ရွှင်ရတော့ မအောင်မြင်ပြန်ဘူး။
တချို့က လိုတာရမရလို့ မပျော်ကြဘူး၊ တချို့က ရတာ မလိုချင်ပြန်တော့ မပျော်ရွှင်ကြပြန်ဘူး။ တချို့က ပျင်းရိနေရတာ ကျေနပ်နေပြီး လိုတာရဖို့မကြိုးစားပြန်ဘူး။ လိုတာရတဲ့ အောင်မြင်မှုနဲ့ ရတာလိုတဲ့ ပျော်ရွှင်မှု ဒီ ၂ ခုလုံးဘဝမှာ ဟန်ချက်ညီညီ ပြည့်စုံဖို့ကြိုးစားကြရပါမယ်။ မကြိုးစားချင်ဘဲ ပျင်းရိနေရတဲ့အခြေအနေအပေါ် နှစ်သက်တဲ့စိတ်မျိုးကိုတော့ ရတာလိုတဲ့ "ရောင့်ရဲ့ခြင်း" လို့မခေါ်ပဲ "ပျင်းရိခြင်း" သက်သက်ပဲဖြစ်ပါတယ်။
အမှန်တကယ် အောင်မြင်မှုကြီးဆိုတာကတော့ "လိုတာလည်းရ"၊ ကိုယ်ရသင့်ရထိုက်တဲ့အပေါ် ရောင့်ရဲမှု "ရတာလည်းလို" တဲ့ ဒီ ၂ ခုလုံးပြည့်စုံမှုပါ။
ဒါကြောင့်အကောင်းဆုံး ဘဝနေနည်းပေးချင်တာက "လိုတာလည်းရအောင်လုပ်၊ ရတာလည်း လိုအောင်လုပ်"ပါ။
U AUNG -LGTI

0 Comments:
Post a Comment