"ရယ်စရာနောက်က မောစရာ မြန်မာ့ငွေကြေးဂယက်"
▪️ပထမဆုံးရယ်စရာပြောရရင်
"လူတွေငွေကိုတန်ဖိုးမထားကြတာလဲမပြောနဲ့။ မြန်မာငွေကိုကြည့် ထားစရာတန်ဖိုးကလည်း ရှိမှမရှိတာ" ဒါကတော့ရယ်စရာပါ။
ဆရာအောင်သင်းစကားနဲ့ ပြောရရင် ဒီရယ်စရာနောက်မှာ မောစရာတွေအများကြီးရှိပါတယ်။ တစ်ချိန်က အာရှကျားကြီးမြန်မာ၊ အခုတော့အာရှမှာ ကြောင်မပြောနဲ့ ကြွက်အဆင့်တောင်မရှိတော့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်း ဟိုလူ့မြင်မျက်နှာချိုသွေး ဒီလူ့မြင်မျက်နှာချိုသွေးနဲ့ ဟိုနိုင်ငံကြီးကိုဖြစ်နေပါပြီခင်ဗျာ။
အလုံးစုံပျက်သုဉ်းခြင်းကို ဦးတည်နေတဲ့နိုင်ငံတစ်ခုမှာ အခုလည်းအလုံးစုံပျက်သုဉ်းလာနေပါပြီ။ အရင်ရက်က ဒေါ်လာနဲ့ပတ်သက်လို အခြေအနေသုံးသပ်ရေးခဲ့ဖူးပါတယ်။ ဒေါ်လာကို လက်နဲ့တောင်မထိရပေမယ့်ဒေါ်လာငွေလဲနှုန်းအပေါ်မှာ ကုန်ဈေးနှုန်းဟာတိုက်ရိုက်အချိုးကျနေသလို အခြားသောစီးပွားရေး ကျန်းမာရေး ပညာရေးအစရှိတာတွေအပေါ်မှာပါ တိုက်ရိုက်အချိုးရှိပါတယ်။
လက်ရှိမိမိတိုအဖြစ်က မိအေး အခါခါနာရတာပါ။ ပြည်တွင်းမတည်ငြိမ်လို ထုတ်လုပ်မှုတွေမလုပ်နိုင်တော့ ပြည်ပပိုကုန် ဒေါ်လာမရှိ၊ ကုန်ထုတ်လုပ်မှု မထုတ်နိုင်တော့ ပြည်ပက ပြန်ဝယ်ယူရပြန်၊ ဒီလိုဝယ်ဖို ဒေါ်လာကမရှိ။ ပြည်တွင်းလည်းထုတ်ကုန်မရှိ ပြည်ပကလည်းမသွင်းနိုင်ရင် မကြာခင် ကုန်ပစ္စည်းပြတ်လတ်မှုတွေကြုံလာရပါလိမ့်မယ်။ အဓိက လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲက ပိုပြီးကြီးကြီးမားမားကြုံရနိုင်ပါမယ်။
▪️ဒီနေရာမှာကြုံလို နိုင်ငံရေးအကြောင်း အနည်းငယ်ပြောရရင် လက်ရှိကြုံတွေ့နေရတဲ့ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုဟာ ပိုမိုပြင်းထန်တဲ့ ဆုံးရှုးမှုတွေဆက်ပြီးတွေ့ကြုံရနိုင်ခြေရှိပါတယ်။ ၂၀၂၁ ၊၂၀၂၂၊ ၂၀၂၃ အထိ လေ့လာကြည့်ရင် လူတချိုတွေက နေသားကျသလိုလို အချိန်တန် အရင်လိုပဲပြီးသွားမယ့်ပုံစံလိုလို၊ ပုံမှန်အခြေအနေ သူ့အလိုလို ပြန်ရောက်သွားမယ်ဆိုတာမျိုးထင်ကောင်းထင်နေကြပုံရပါတယ်။
တကယ်တော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ စစ်ပွဲတွေရဲ့ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရတဲ့ တိုင်းရင်းသားဒေသတွေက ညီအစ်ကိုမောင်နှမတွေမှာ အတွေ့အကြုံရှိခဲ့ပေမယ့် ဒေသတွင်းနေရာတော်တော်များများက လူအများစုဟာ စစ်ပွဲတွေရဲ့အတွေ့အကြုံမရှိကြတာများပါတယ်။ ဒီတခါဖြစ်တဲ့ နိုင်ငံရေးအခြေအနေတွေဟာ ၁၉၆၂ ကစလို ၂၀၁၅ အထိဖြစ်ခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ မတူကွဲပြားတယ်ဆိုတာကိုတော့ အထူးသတိချပ်ကြဖိုလိုပါတယ်။
▪️လူတိုင်း အသက်ရှင်ဖို ဘာလိုလဲ၊ စားဝတ်နေရေးဆိုတဲ့အခြေအနေတခု မဖြစ်မနေလိုပါတယ်။ တဖြည်းဖြည်းအလုပ်အကိုင်ကမရှိ၊ ကုန်ဈေးနှုန်းကအလွန်မြင့်၊ ကျန်းမာရေးတွေကဆိုးရွား၊ နေရပ်တွေစွန့်ကြ ခွာကြ ရှောင်ကြ တိမ်းကြ များလာရင်း အသက်ရှင်ဖို သူတိုတောင့်မခံနိုင်တော့တဲ့တစ်နေ့ အဲဒီလူတွေပေါက်ကွဲထွက်လာနိုင်ပါဦးမယ်။
ဒါကြောင့် ဘယ်အခြေအနေကိုမဆို မျက်ခြေမပြတ်ကြပါနဲ့၊ ပေါ့ပေါ့စစ မနေကြပါနဲ့၊ ဘယ်နေရာကမှ စိတ်ချလုံခြုံမယ်လိုလည်းမယူဆကြပါနဲ့။
နမူနာတစ်ခုပြောပြပါမယ်။
ကျွန်တော့်အိမ်က ခေါင်မိုးမှာ အပေါက်တွေများတဲ့ သွပ်ပြားတစ်ချပ်ရှိပါတယ်။ အပေါက်ကအရမ်းများပြီး မိုးရွာတိုင်း မိုးယိုနေလို ကျွန်တော် သွပ်ဖာတိပ်နဲ့ တက်တက်ပြီးဖာလိုက် နောက်တစ်ပေါက်ကထပ်ယိုလိုက် တက်ဖာလိုက်လုပ်တာ ဘယ်လိုမှ ဖာလိုမနိုင်တော့ပါဘူး။ ဒါနဲ့ နောက်ဆုံး သွပ်ကို အချပ်လိုက် အသစ်ပြန်လဲလိုက်မှ စိတ်အေးလုံခြုံသွားပါတော့တယ်။
သေချာတာကတော့ အခြေအနေတစ်ခု တည်ငြိမ်ခဲ့ရင်တောင် ပုံမှန်အခြေအနေပြန်ရောက်ဖို ၁၀ စုနှစ်တစ်ခုကြာ ပြန်လည်တည်ဆောက်ရနိုင်ပါဦးမယ်။
U AUNG -LGTI

0 Comments:
Post a Comment