▪️လောကဓံမေးတဲ့ ဘဝပုစ္ဆာ
လူတိုင်းမှာ လောကဓံကမေးတဲ့ အသွင်ပုံသဏ္ဍာန်မျိုးစုံနဲ့ ဘဝပုစ္ဆာတွေရှိကြပါတယ်။ ပုစ္ဆာရဲ့ အဖြေမတွေ့သေးခင်မှာပဲ တချို့က လောကဓံကို အရှုံးပေးသွားတတ်ကြသလို ၊ တချို့က အဖြေကို တွေ့အောင်မရှာဖွေကြပါဘူး။ တကယ်တော့ ဘယ်အကျိုးတရားမဆို အကြောင်းတရားဖြစ်ပြီးမှ စတင်ကြတာပါ။
ဘယ်ပုစ္ဆာမဆိုလည်း သူ့ရဲ့မူလအခြေခံအကြောင်းတရားကို တွေ့အောင်ရှာဖွေနိုင်ရင် အဖြေကိုတွေ့ရပါလိမ့်မယ်။ အဖြေမရှာချင်ရင်တော့ အကြောင်းတရားတွေမဖြစ်လာအောင်နေထိုင်ရမယ်။
"ဘဝမှာ အဖြေမရှိတဲ့ ပုစ္ဆာမရှိဘူး၊ အဖြေ မတွေ့သေးတာပါ"။
U AUNG -LGTI

0 Comments:
Post a Comment