▪️တွန်းအားလိုတယ်
ငယ်ငယ်က ရပ်ကွက်ထဲက "မီး" ဗျို့လို့ အော်လိုက်တဲ့အချိန်မှာ အနားမှာရှိတဲ့ အိတ်အလေးကြီးတစ်ခုကိုထမ်းပြီး အိမ်ရှေ့ ခြံစည်းရိုးအမြင့်ကြီးကို လွှားပြီးခုန်ခဲ့ဖူးတာပေါ့။
ပုံမှန်အခြေအနေမှာ အနားကအိတ်အလေးကြီးကိုထမ်းဖို့ ဘယ်လိုမှမဖြစ်နိုင်၊ အိမ်ရှေ့ခြံစည်းရိုးအမြင့်ကြီးကို ခုန်ကျော်လို့ မရနိုင်ဘူးလို့သာ တွေးထားတာပါ။ တကယ်မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့အခါ လုပ်နိုင်စွမ်းရှိတယ်ဆိုတာတွေ့ရပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ဘယ်အလုပ်မဆို အချိန်ဆွဲတတ်တဲ့ပြီး မလုပ်ဖြစ်တဲ့အကျင့်ရှိလာရင် "မီး" ဗျို့ဆိုတဲ့ အော်သံမျိုး ကိုယ့်ကိုယ်ကိုယ် တွန်းအားတစ်ခုဖြစ်အောင်ကြိုးစားပါ။
အစကတည်းက မလုပ်လည်းဖြစ်ပါတယ်လို့ စဉ်းစားလိုက်တဲ့အလုပ်တွေ မလုပ်ဖြစ်တာများပါလိမ့်မယ်။ ဒီအလုပ်က မလုပ်ရင်မဖြစ်ဘူးလို့ တွန်းအားပါတဲ့ အလုပ်တွေက လုပ်ဖြစ်ပါတယ်။
"မလုပ်လည်းဖြစ်တယ်ဆို မလုပ်ဖြစ်ကြဘူး၊ မလုပ်မဖြစ်ဘူးဆို လုပ်ဖြစ်ကြတယ်"။
U AUNG -LGTI

0 Comments:
Post a Comment