"Monetisation ဘယ်ကစမလဲ နှင့် FB Policies အကြောင်း"
FB policies အကြောင်းမပြောခင် ယခင်အပတ်က FB In-stream ads ပွင့်ဖို့ အဆင့် (၅) ဆင့်ပြောပြခဲ့ပါတယ်။ အခုတစ်ခါ Page တွေမှာငွေဝင်နိုင်မယ့် နောက်ထပ်လမ်းကြောင်းတွေဖြစ်တဲ့ Reels တို့၊ Live Ads အကြောင်းနဲ့စတင်ပါမယ်။ ဒီအဆင့်က Video တင်တာနည်းသူ ၊ Live လွှင့်တာနည်းရင် ပွင့်ဖို့မလွယ်ကူပါဘူး။
▪️ Live Ads အကြောင်း
FB Page မှာ Live လွှင့်ရင်းလည်း ဝင်ငွေရနိုင်တဲ့ အခြေအနေတွေရှိပါမယ်။ Star ပေးတာအပြင် Like, Comment, Share စတာတွေအပေါ်ကနေ ငွေဝင်နိုင်ပါမယ်။ ဒီအဆင့်ပွင့်ဖို့က အဆင့် ၇ ခုရှိပါမယ်။
၁- FB အသိအမှတ်ပြုတဲ့နိုင်ငံ
၂- FB Policy မငြိရဘူး
၃- FB Followers 10000 ပြည့်ရန်
၄- ရက် ၆၀ အတွင်း page ထဲက Video တွေကို ကြည့်ရှုသူ ၆ သိန်းပြည့်ရပါမယ်။
၅- Live ကိုဝင်ရောက်ကြည့်ရှုခဲ့သူ ၆၀၀၀၀ ပြည့်ရပါမယ်။
၆- ရက် ၃၀ အတွင်း Video (5) ခု
၇- ရက်ပေါင်း ၉၀ အတွင်း Live ၃ ခု လွှင့်တာရှိရမယ်။
ဒီအဆင့်တွေထဲမှာ အမှတ်စဉ် ၄/၅ အဆင့်ကိုပြည့်မီဖို့ Video, live တွေ ပုံမှန်ရှိသူတွေမှပြည့်နိုင်ပါမယ်။ ဒီအဆင့်တွေမှာ ဘယ်အဆင့်တွေပြည့်ဖို့လိုအပ်နေလည်းသိချင်ရင် Monetisation ထဲမှာ Live Ads ကိုဝင်လိုက်ပါ။ သက်ဆိုင်ရာ အဆင့်တွေရဲ့ဘေးမှာ ကြက်ခြေခတ်လေးတွေပြနေသေးပြီး အစိမ်းရောင်အမှန်ခြစ်မပေါ်သေးတဲ့ အဆင့်တွေဟာ သတ်မှတ်ချက်မပြည့်မီသေးတဲ့အဆင့်တွေဖြစ်ပါတယ်။
▪️Ads on Reels အကြောင်း
Reels က FB Account ရော Page တွေမှာပါ ပါဝင်ပါတယ်။ Reel ကလူတော်တော်များများထံရောက်ဖို့ အခွင့်အလမ်းကောင်းရှိပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း FB Reached တွေကျနေချိန်ဆို Reel သုံးကြတာများလာတယ်။
Reel ကနေငွေဝင်နိုင်ဖို့ကလည်း Bonus လိုပါပဲ။ အဆင့်သတ်မှတ်ချက်မပေးထားပဲ Monetisation ထဲဝင်ပြီး ကိုယ်ဘက်က "I am Interested" ဆိုတာလေးကို ဝင်နှိပ်ပြီး Summited အရင်လုပ်ထားရပါမယ်။ မိတ်ဆွေ Reel ကို ပုံမှန်လေးတင်သွားနေမယ်၊ FB Policy ညီမယ်၊ Performance ကောင်းနေမယ်ဆိုရင် FB ဘက်ကလာပြီး Notification ပို့ပြီး Invite လုပ်လာပါလိမ့်မယ်။
▪️ Monetisation နဲ့ FB Policies
အများစုက Monetisation လျှောက်ဖို့လုပ်ပုံလုပ်နည်း အဆင့်ဆင့်ပြောပေးပါဆိုတာတွေရှိပါတယ်။ ဒီနေရာမှာပြောချင်တာက Monetisation က FB သုံးဆွဲသူတိုင်းမှာ ပါဝင်ပါတယ်။ ပြဿနာက အကောင့်တစ်ခုနဲ့တစ်ခု ဖြစ်စဉ်၊ FB policy, Copyright, Location, Profile information စတာတွေတစ်ခုချင်းအပေါ်မှာ မတူညီတဲ့ ပြဿနာတွေရှိတတ်ပါတယ်။
တချို့မေးကြပါတယ် "ဘာကစလုပ်ရမလဲ" မေးသူတွေလည်းရှိပါတယ်။ ကျွန်တော်ကိုယ်ချင်းစာပါတယ်။ နည်းပညာအခက်အခဲ ရှိသူတစ်ယောက်အနေနဲ့ ဒီအခြေအနေကို ကျွန်တော်လည်း ကောင်းကောင်းဖြတ်သန်းလာခဲ့ရတာပါ။
✔️Monetisation ဘယ်ကစမလဲ
ဘယ်ကစတင်ရမလဲဆိုရင် Monetisation ဘယ်နေရာမှာရှိတယ်၊ ဘယ်လိုဝင်ရမယ်ဆိုတဲ့ အခြေခံအဆင့်မျှဝေထားတဲ့ ပညာဒါန video လေးတွေကို Google တို့ YouTube မှာရှာကြည့်ရင်း စတင်နိုင်ပါတယ်လို့ ပထမဆုံးပြောချင်ပါတယ်။
လွယ်ကူအောင်ထပ်ပြောရရင်
1- မိတ်ဆွေရဲ့ အကောင့်/ Page ကို Professional Dashboard ဆိုတာပေါ်ဖို့ Profile ကိုနှိပ်ရင် တွေ့ရတဲ့ အစက်လေး ၃ ခုထဲမှာ Professional Mode ဆိုတာကို On ထားပေးရပါမယ်။ ဒါမှမဟုတ် Setting ထဲမှာလည်း ရှာဖွေရင် Professional Mode ကိုတွေ့နိုင်ပါမယ်။
2- Professional Dashboard ပေါ်ပြီဆိုတာနဲ့ အဲဒီအထဲမှာ မိတ်ဆွေအကောင့်ရဲ့ Performance ကိုစစ်ဆေးနိုင်မယ့် Insights တို့ ငွေဝင်နိုင်မယ့် Monetisation တို့ကို တွေ့ရပါလိမ့်မယ်။
3- Monetisation ဆိုတာတွေ့ရင် နှိပ်လိုက်တာနဲ့ ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ အဆင့်တွေဖြစ်တဲ့ Star, Subscribe, Ads on Reels, Bonus, In-stream ads, Live Ads စတာတွေတွေ့ရပါလိမ့်မယ်။ ငွေဝင်နိုင်မယ် အဆင့်တွေကို သီးသန့်ထုတ်ပြီး Set-up (သို့) In review ဆိုတဲ့ အပြာရောင်စာတမ်းလေးဘေးမှာ ပေါ်ပေးထားပါလိမ့်မယ်။ ဒါဆိုရင်တော့ မိတ်ဆွေ အဲဒီအဆင့်ကနေ ငွေဝင်နိုင်ဖို့ရှိပါပြီ။
ကိုယ်တိုင်ကလည်း အဲဒီလို အခြေခံအဆင့်လေ့လာမှုလေးတွေလုပ်ထားမယ်ဆို လုပ်ရင်း ဘယ်အဆင့်မှာ ဘာအခက်အခဲရှိနေလည်းဆိုတာ ကြည့်ပြီး ကျွန်တော်နားလည်သလောက်လေးတော့ ဖြေပေးလို့ရပါတယ်ခင်ဗျာ(အားလုံးအလုံးစုံတော့ မသိနိုင်ပါဘူး)။
▪️FB Policy အကြောင်း
Facebook ရဲ့ Policy တွေက ဘာတွေလည်းမေးရင် ကျွန်တော်တို့သိထားတဲ့အခြေခံကန့်သတ်မှုဖြစ်တဲ့ Copyright , community standard, Violent , Terrorist, Human Rights, အစရှိတဲ့အကြောင်းအရာ ဒါတွေကတော့အခြေခံပါပဲ။ ဒီချက်တွေကနေ အခြေခံပြီးတော့ AI နဲ့ Auto ကန့်သတ်ထားတဲ့အကြောင်းအရာတွေရှိသလို တချို့ပေါ်လစီတွေကိုသက်ဆိုင်ရာ facebook team က လူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အခါအားလျှော်စွာ ကန့်သတ်တာမျိုးလည်းရှိပါတယ်။
✔️Copyright ကဘာလဲ
Copyright ဆိုတာ သူတစ်ပါးရဲ့ ဓာတ်ပုံ၊ video၊ သီချင်း၊ အသံ စတာတွေကို တိုက်ရိုက်ယူသုံးလို့ ငြိနိုင်သလို ကိုယ် Share လိုက်တဲ့ Post ထဲမှာ ဒါမျိုးပါလာရင်လည်း Copyright ငြိပါတယ်။
✔️Community Standards ကဘာလဲ
ဓာတ်ပုံ၊ Video မှာဆိုရင် သွေးထွက်သံယိုပုံတွေ၊ ကလေးငယ်တွေရဲ့ Child Rights ကိုထိခိုက်စေမယ့်ပုံတွေ၊ Human rights မလွတ်ကင်းတဲ့ပုံတွေ ဒါတွေအပြင် စာအရေးအသားမှာဆို ခြိမ်းခြောက်ရေးသားတာမျိုး၊ Gender ခွဲခြားရေးသားတာမျိုး၊ China လိုအဓိပ္ပာယ်မျိုးကို ခွင့်မပြုတဲ့ စာလုံးပေါင်းမျိုး စတာတွေသတိထားရပါမယ်။ AI က ကိုယ်ရေးတဲ့ စာတွေကို Auto Keywords နဲ့စောင့်ကြည့်နေတာမို့ သတိမထားရင် ငြိနိုင်ပါတယ်။
ဒါကြောင့်အထူးပြောချင်တာကတော့
Monetisation ရဖို့ ကျွန်တော်တို့ဘက်က facebook ရဲ့ စည်းကမ်းတွေကို ကိုယ့်ရဲ့ Account ကိုယ့်ရဲ့ page တွေမှာ စစ်ဆေး၊ performance ကောင်းဖို့လည်း ကြိုးစားထားရပါတယ်။ ဒါ့အပြင် facebook ရဲ့ ပေါ်လစီတွေညီညွတ်အောင် လိုက်နာနေမယ်ဆိုရင်တော့ facebook user အားလုံးဟာ ဝင်ငွေရနိုင်တဲ့အခွင့်အရေးရှိပါတယ်။
▪️တချို့ကလည်း FB monetisation နဲ့ပတ်သက်ပြီး သင်တန်းဖွင့်ပါလားလို့ တောင်းဆိုကြပါတယ်။ ဒါဟာမလွယ်ကူလှပါဘူး။ ဘာကြောင့်လည်းဆိုရင် သင်တန်းမှာပြောခဲ့တဲ့ဖြစ်စဉ်နဲ့ မတူတဲ့ပြဿာနာအဆင့်မျိုးတွေ ထပ်ထပ်ပြီး FB policy မှာ အများကြီးရှိနိုင်ပါတယ်။ FB policy က ဘယ်အချက်တွေဘယ်လိုကန့်သတ်တယ်ဆိုတာ ပြောပြဖို့အချက်အလက် လွန်စွာများပါမယ်။
သင်တန်းပေးခဲ့ရင် အားလုံးနဲ့ဆိုင်တဲ့အခြေခံသဘောတရားတွေကို မျှဝေရတာဖြစ်တဲ့အတွက် တစ်ဦးချင်းနဲ့သက်ဆိုင်တဲ့ မတူညီတဲ့ အခက်အခဲဖြစ်စဉ်မျိုးတွေကို မလွှမ်းခြုံမိမှာစိုးရိမ်ပါတယ်။ တစ်ဦးချင်း သီးသန့်အကောင့်တွေကိုစစ်ဆေးပြီးတော့ ပြုလုပ်ခြင်းက ပိုမိုထိရောက်မယ်လို့မြင်မိပါတယ်။
▪️နောက်တခါ service ပေးဖို့ပြောကြပြန်တယ်။ ဒီအခါမှာလည်း Service ကိစ္စဟာအင်မတန်တာဝန်ကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သေချာပေါက်ရနိုင်လိမ့်မယ်လို့ပြောဆိုဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ facebook သုံးစွဲသူကိုယ်တိုင်ကသက်ဆိုင်ရာ facebook policys, copy rights , performance စတဲ့အရာတွေကိုယ်တိုင်လိုက်နာဖို့ လိုအပ်တဲ့အခါ ဒါတွေကိုမလိုက်နာဘူးဆိုပြန်ရင်လည်း Monetisation ရဖို့မလွယ်ကူလှပါဘူး။
**ကိုယ်တိုင်လုပ်ကိုင်ရင်း အချို့အဆင့်တွေအခက်အခဲရှိနေလို့ မေးမြန်းမှုတွေကိုလည်း နားလည်သလောက် ပုံမှန်အတိုင်းပြန်လည်ဖြေကြားပေးသွားပါမယ်၊ Service မလုပ်ပါဘူး၊ အခုလို နားလည်သလောက်မျှဝေရတာက စိတ်ချမ်းသာရပါတယ်***
မြန်မာနိုင်ငံအတွင်းမှာ သုံးနေတဲ့ FB Users တွေလည်း ဝင်ငွေရနိုင်ပေမယ့် ပြည်ပမှာရှိနေတဲ့ FB User တွေကတော့ ငွေဝင်ဖို့၊ ငွေထုတ်ဖို့ပိုပြီး အခွင့်အလမ်းကောင်းပါတယ်။ကိုယ်တိုင်လည်းကြိုးစားကြရင်း ကြုံနေရတဲ့အခက်အခဲအဆင့်တွေကို ကျော်နိုင်မယ့်နည်းလမ်းတွေကို လေ့လာစူးစမ်းပြီး facebook ကိုကောင်းကောင်းအသုံးချကာ ဝင်ငွေများများရကြပါစေ။
နောက်တပတ် Performance ကောင်းအောင် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာ ဆက်လက် မျှဝေပေးပါမယ်။
မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆိုရင် "YES" လို့မန့်ခဲ့ကြပါအုံး။
U AUNG -LGTI

0 Comments:
Post a Comment